ဖြူဖြူထွေး က အောင်မြင် မှု က ပေး တဲ့ Stress ကို မထိန်းသိမ်းနိုင်သေး တဲ့ အေ ကြာင်း ပွင့်ပွင့်လ င်းလင်း ပြောဆိုလိုက် တဲ့ မိတ်ကပ် မေဦး
ဖြူဖြူထွေး က အောင်မြင် မှု က ပေး တဲ့ Stress ကို မထိန်းသိမ်းနိုင်သေး တဲ့ အေ ကြာင်း ပွင့်ပွင့်လ င်းလင်း ပြောဆိုလိုက် တဲ့ မိတ်ကပ် မေဦး
ယူနီကုတ်ဖြင့်ဖတ်ရန်
နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ သူ့ရဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုကြောင့် အနုပညာအသိုင်းအဝိုင်းမှာသာမက ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မိတ်ကပ်ပညာကြောင့်သာမကသူနဲ့ ဟန်လင်းရဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပ ါတယ်။
မေဦးဟာ ယခုလတ်တလော ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ ဖြူဖြူထွေးနဲ့ တွေ့ဆုံအလုပ်လုပ်ဖူးတဲ့အပေါ် အခြေခံပြီးသူမရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားလ ာခဲ့တာပါ ဖြူဖြူထွေးကို အခုမှ ရှုတင်မှာ စပြီးဆုံဖူးတာ…ဖြူဖြူထွေးက ကလေးလိုပဲ မေဦးတို့ကကျ ၁၅ နှစ်တာ ကာလကို ရုပ်ရှင်အသိုင်းအဝိုင်းကြားမှာ ဖြတ်သန်းလာခဲ့ရတော့ သူ မသိတာလေးတွေကိုဆိုရင် သင်ပြပေးရတယ်။ “လို့အစချီကာ ဖြူဖြူထွေးနဲ့ စစချင်းဆုံဖြစ်ပုံကိုပြောပြလာခဲ့ တာဖြစ်ပါတယ်
“ဖြူဖြူထွေးမှာ အချက် ၂ ချက်တွေ့ရတယ်။ ပထမတချက်ကတော့ အရမ်းရိုးရှင်းတယ်။ လှူချင် တန်းချင်တဲ့စိတ်က တကယ်ကို ရှိတယ်။ ရိုးသားတယ်။နောက်တချက်ကတော့ အောင်မြင်တဲ့သူတွေ အလုပ်အရမ်းလုပ်ရတဲ့သူတွေမှာ တွေ့ရတဲ့ stress ပေါ့။အဲ့ စိတ်ဖိစီးမှုကို မထိန်းနိုင်သေးတာ။ အဲ့ စိတ်ဖိစီးမှုကို မထိန်းနိုင်တဲ့အခါ တခါတလေ သူပြောလိုက်တဲ့ အရာလေးတွေက သူ့အတွက်ကတော့ အဆင်ပြေတယ်။ ဒါပေမဲ့အလုပ်ခွင်တခုလုံးအတွက်ကျ အဆင်မပြေတ ာမျိုးလေးပေါ့။
ဒီအနုပညာ အသိုင်းအဝိုင်းထဲကို လာတော့မယ်ဆိုရင် ဒီအသိုင်းအဝိုင်းရဲ့ ပုံစံ၊ ဆက်ဆံမှုတွေ အဲ့ဒါမျိုးတွေကျ အများကြီး လေ့လာရတယ်။ မေဦးက ဒါမျိုးမလုပ်ရဘူးလို့ ပြောရင် သမီးကို အဲ့လို ပြောပေးမယ့်သူ မရှိလို့ အရမ်းကျေးဇူးတင်တဲ့အကြောင်း လာပြောတယ်။ ဖြူဖြူထွေးက အရမ်းဆိုဆုံးမလွယ်တယ်။ သူအရမ်းစိတ်ထားကောင်းတဲ့အပေါ်မှာ ဒါလေးပါ ထပ်ပေါင်းလိုက်ရင် ပိုပြီးအောင်မြင်ဖို့ပဲ ရှိတယ်။”လို့ မေဦးက အကြံပြုလာ ခဲ့တာပါ ပရိသတ်ကြီးရေမေဦးကတော့ ဖြူဖြူထွေးက အောင်မြင်မှုက ပေးတဲ့ Stress ကို မထိန်းသိမ်းနိုင်သေးတဲ့ အတွက် ဆိုဆုံးမပေးခဲ့ရတာလေးတွေကို ပြန်လည်ပြောပြလာခဲ့တာ ပဲဖြစ်ပါတယ်နော်