သမီးငယ္ေလးရဲ႕ေမြးေန႕အတြက္ ဘုန္းႀကီးေက်ာင္းမွာ အလႉဒါနသြားလုပ္ခဲ့တဲ့ လြင္မိုး

သမီးငယ္ေလးရဲ႕ေမြးေန႕အတြက္ ဘုန္းႀကီးေက်ာင္းမွာ အလႉဒါနသြားလုပ္ခဲ့တဲ့ လြင္မိုး

တစ္ခ်ိန္တုန္းက ဒိတ္ဒိတ္ႀကဲေအာင္ျမင္ခဲ့တဲ့ မင္းသားႀကီးလြင္မိုးကေတာ့ အခုခ်ိန္မွာအႏုပညာအလုပ္ေတြမလုပ္ျဖစ္ေတာ့ဘဲ စီးပြားေရးကိုဦးစားေပးလုပ္ကိုင္ေနပါတယ္။ သမီးေလး(၂) ေယာက္ထဲက ယြန္းဝတီလြင္မိုးကေတာ့ ဖခင္ရဲ႕အေမြကိုဆက္ခံကာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ရင္းပရိသတ္အားေပးမႈရရွိေနသူပါ။

ဒီေန႕ စက္တင္ဘာ(၄) ရက္ေန႕ေလးကေတာ့ လြင္မိုးရဲ႕ သမီးငယ္ေလးယြန္းနႏၵီရဲ႕အသက္(၁၈) ႏွစ္ျပည့္ေမြးေန႕ေလးျဖစ္ၿပီး သမီးေလးရဲ႕ေမြးေန႕အလႉအျဖစ္ ဓမၼလကၤာရေက်ာင္းတိုက္မွာ မိသားစုလိုက္ ကုသိုလ္ယူခဲ့ၾကပါတယ္။

သမီးေလးရဲ႕ေမြးေန႕မွာ သံဃာေတာ္ေတြအတြက္ ဝါဆိုသကၤန္းနဲ႕ေန႕ဆြမ္းကပ္လႉေပးခဲ့ၿပီး ဒီေန႕ျပဳလုပ္ခဲ့တဲ့အလႉေလးကိုေတာ့ လြင္မိုးက သူ႕ရဲ႕ေဖ့ဘြတ္ခ္အေကာင့္မွာ ေဖာ္ျပခဲ့ပါတယ္။

ဒီေန႕မွာ အသက္(၁၈) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ယြန္းနႏၵီေလး မိသားစုနဲ႕ ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ဘဝကိုပိုင္ဆိုင္နိုင္ပါေစလို႔ ဆယ္လီကမာၻမွဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဒီေန႕ေမြးေန႕ရက္ေလးမွာ မိသားစုနဲ႕အတူ ကုသိုလ္ျပဳခဲ့တဲ့ အလႉဒါနပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္
သမီးငယ်လေးရဲ့မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ အလှူဒါနသွားလုပ်ခဲ့တဲ့ လွင်မိုး

တစ်ချိန်တုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသားကြီးလွင်မိုးကတော့ အခုချိန်မှာအနုပညာအလုပ်တွေမလုပ်ဖြစ်တော့ဘဲ စီးပွားရေးကိုဦးစားပေးလုပ်ကိုင်နေပါတယ်။ သမီးလေး(၂) ယောက်ထဲက ယွန်းဝတီလွင်မိုးကတော့ ဖခင်ရဲ့အမွေကိုဆက်ခံကာ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းပရိသတ်အားပေးမှုရရှိနေသူပါ။

ဒီနေ့ စက်တင်ဘာ(၄) ရက်နေ့လေးကတော့ လွင်မိုးရဲ့ သမီးငယ်လေးယွန်းနန္ဒီရဲ့အသက်(၁၈) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သမီးလေးရဲ့မွေးနေ့အလှူအဖြစ် ဓမ္မလင်္ကာရကျောင်းတိုက်မှာ မိသားစုလိုက် ကုသိုလ်ယူခဲ့ကြပါတယ်။

သမီးလေးရဲ့မွေးနေ့မှာ သံဃာတော်တွေအတွက် ဝါဆိုသင်္ကန်းနဲ့နေ့ဆွမ်းကပ်လှူပေးခဲ့ပြီး ဒီနေ့ပြုလုပ်ခဲ့တဲ့အလှူလေးကိုတော့ လွင်မိုးက သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာ အသက်(၁၈) နှစ်ပြည့်သွားပြီဖြစ်တဲ့ ယွန်းနန္ဒီလေး မိသားစုနဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ်နော်။ ဒီနေ့မွေးနေ့ရက်လေးမှာ မိသားစုနဲ့အတူ ကုသိုလ်ပြုခဲ့တဲ့ အလှူဒါနပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။