ေယာက်ာ္းေတြလို လယ္လုပ္ၿပီး မိသာစုကို ရွာေဖြေကြၽးေမြးေနတဲ့ အာဂအမ်ိဳးသမီး

ေယာက်ာ္းေတြလို လယ္လုပ္ၿပီး မိသာစုကို ရွာေဖြေကြၽးေမြးေနတဲ့ အာဂအမ်ိဳးသမီး

အမ်ိဳးသမီးတစ္ေယာက္တန္မဲ့နဲ႕ ေယာက်ာ္းေလးေတြ လုပ္ကိုင္ရတဲ့ ပင္ပန္းဆင္းရဲတဲ့အလုပ္ေတြကို လုပ္ကိုင္ေနရတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို သင္ဘယ္လိုျမင္ပါသလဲ။ေတာ္႐ုံတန္႐ုံမိန္းကေလးတစ္ေယာက္ဟာ ေယာက်္ားသားေတြ လုပ္ကိုင္တဲ့အလုပ္ေတြကို တစ္ေယာက္တည္းလုပ္ကိုင္ဖို႔ဆိုတာမလြယ္ကူပါဘူးဒါေပမယ့္အိႏၵိယနိုင္ငံကအမ်ိဳးသမီးတစ္ေယာက္ကေတာ့ေလာကႀကီးကိုလုံးဝအရႈံးမေပးပဲ ေယာက်ာ္းသားေတြ လုပ္ကိုင္ရတဲ့ လယ္လုပ္ငန္းကို တစ္ေယာက္တည္း ႐ုန္းကန္လႈပ္ရွားေနရၿပီး သူမရဲ႕ မိသားစုကို ရွာေဖြေကြၽးေမြးေနရၿပီး Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Twitter-@BBCHindiအဆိုပါအမ်ိဳးသမီးကေတာ့ အိႏၵိယနိုင္ငံ၊ Maharashtra ျပည္နယ္၊ Akola ၿမိဳ႕မွာ ရွိတဲ့ ႐ြာတစ္႐ြာမွာ ေနထိုင္တဲ့ Jyoti Deshmukh လို႔ အမည္ရတဲ့ အမ်ိဳးသမီးပဲ ျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Jyoti ဟာ မိသားစုရွိရက္နဲ႕ မိန္းမသားတန္မဲ့ ဘာေၾကာင့္အလုပ္လုပ္ေနရသလဲလို႔ ေမးေကာင္းေမးပါလိမ့္မယ္။လက္ရွိ COVID 19 ကပ္ေရာဂါကာလမွာ အရာအားလုံး က်ပ္တည္းေနသလို Jyoti ရဲ႕မိသားစုဟာလည္း ေငြေရးေၾကးေရးအၾကပ္အတည္းေတြ ေတာ္ေတာ္ရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ Jyoti ရဲ႕ မိသားစုရွိ ေယာက်ာ္းသား ၃ ဦးျဖစ္တဲ့ Jyoti ရဲ႕ အမ်ိဳးသား၊ Jyoti ရဲ႕ ခဲအိုနဲ႕ Jyoti ရဲ႕ ေယာကၡထီးတို႔ဟာ မၾကာေသးခင္အခ်ိန္က ကိုယ့္ကိုယ္ကို သတ္ေသသြားခဲ့ၾကပါတယ္။

READဒစ္ဂ်စ္တယ္ပလက္ေဖာင္းေပၚက Boss Logic ဆိုတဲ့ Artist တစ္ေယာက္အေၾကာင္းTwitter-@BBCHindiဒါ့ေၾကာင့္လည္း က်န္ရွိေနေသးတဲ့ မိသားစုဝင္ေတြရဲ႕ စားဝတ္ေနေရးဟာ Jyoti ရဲ႕ ေခါင္းေပၚကို အကုန္လုံး စုၿပဳံၿပီး က်ေရာက္လာခဲ့ပါတယ္။ဒီလိုနဲ႕ Jyoti ဟာ က်န္ရွိေနေသးတဲ့ ေျမ ၂၉ ဧကမွာ သူမတစ္ေယာက္တည္း လယ္ယာလုပ္ငန္းလုပ္ကိုင္ဖို႔ လယ္ထြန္စက္တစ္လုံးကို ႐ြာသားမ်ားအား အကူအညီေတာင္းခဲ့ေပမယ့္ ဘယ္သူမွ အကူအညီမေပးခဲ့သလို ႐ြာရွိလူတိုင္းက ေျမဧကေတြကို သူတို႔ဆီေရာင္းခ်ဖိဳ႕ပဲ တိုက္တြန္းခဲ့ပါတယ္။ ဒါေပမယ့္ Jyoti ကေတာ့ အဲဒီလယ္ေျမေတြ ေရာင္းခ်ဖိဳ႕ ကိစၥေတြကို လုံးဝသေဘာမတူခဲ့ပါဘူး။

ေနာက္ဆုံး လယ္ထြန္စက္ မငွားခ်င္ရင္ေတာင္ ကြၽန္မဘာသာ လယ္ထြန္စက္တစ္လုံးဝယ္ပါ့မယ္၊ ကြၽန္မကို လယ ္ထြန္စက္အသုံးျပဳနည္း သင္ေပးပါလို႔ ေတာင္းေတာင္းပန္ပန္ ေျပာခဲ့ေပမယ့္ တစ္ေယာက္မွ မသင္ေပးခဲ့ပါဘူး။ အဲဒီေတာ့ ကိုယ့္နည္းကိုယ့္ဟန္နဲ႕ပဲ ေလ့လာရတာေပါ့။ အခုေတာ့ ကြၽန္မလယ္ထြန္စက္ကို ေကာင္းေကာင္းႀကီး အသုံးျပဳတတ္သြားပါၿပီ။ဘာလို႔ လယ္ေျမေတြကို မေရာင္းခ်င္တာလဲဆိုေတာ့ အဲဒီကရတဲ့ ပိုက္ဆံက ခဏတာအတြက္ပဲ အဆင္ေျပေကာင္းေျပလိမ့္မယ္။ ဒါေပမယ့္ ေရရွည္အဆင္မေျပပါဘူးဒါ့ေၾကာင့္ လယ္ေျမေတြကို မေရာင္းခ်ပဲ ကိုယ္ကိုယ္တိုင္ လယ္စိုက္ၿပီး ရတဲ့ ပိုက္ဆံနဲ႕ မိသားစုကို ရွာေကြၽးေနရတာပါ”လို႔ Jyoti က ေျပာၾကားခဲ့ပါတယ္။

ယူနီကုတ္ျဖင့္ဖတ္ရန္
အမျိုးသမီးတစ်ယောက်တန်မဲ့နဲ့ ယောကျာ်းလေးတွေ လုပ်ကိုင်ရတဲ့ ပင်ပန်းဆင်းရဲတဲ့အလုပ်တွေကို လုပ်ကိုင်နေရတဲ့ အမျိုးသမီးတစ်ယောက်ကို သင်ဘယ်လိုမြင်ပါသလဲ။တော်ရုံတန်ရုံမိန်းကလေးတစ်ယောက်ဟာ ယောကျ်ားသားတွေ လုပ်ကိုင်တဲ့အလုပ်တွေကို တစ်ယောက်တည်းလုပ်ကိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဒါပေမယ့်အိန္ဒိယနိုင်ငံကအမျိုးသမီးတစ်ယောက်ကတော့လောကကြီးကိုလုံးဝအရှုံးမပေးပဲ ယောကျာ်းသားတွေ လုပ်ကိုင်ရတဲ့ လယ်လုပ်ငန်းကို တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရပြီး သူမရဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Twitter-@BBCHindiအဆိုပါအမျိုးသမီးကတော့ အိန္ဒိယနိုင်ငံ၊ Maharashtra ပြည်နယ်၊ Akola မြို့မှာ ရှိတဲ့ ရွာတစ်ရွာမှာ နေထိုင်တဲ့ Jyoti Deshmukh လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ Jyoti ဟာ မိသားစုရှိရက်နဲ့ မိန်းမသားတန်မဲ့ ဘာကြောင့်အလုပ်လုပ်နေရသလဲလို့ မေးကောင်းမေးပါလိမ့်မယ်။လက်ရှိ COVID 19 ကပ်ရောဂါကာလမှာ အရာအားလုံး ကျပ်တည်းနေသလို Jyoti ရဲ့မိသားစုဟာလည်း ငွေရေးကြေးရေးအကြပ်အတည်းတွေ တော်တော်ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ Jyoti ရဲ့ မိသားစုရှိ ယောကျာ်းသား ၃ ဦးဖြစ်တဲ့ Jyoti ရဲ့ အမျိုးသား၊ Jyoti ရဲ့ ခဲအိုနဲ့ Jyoti ရဲ့ ယောက္ခထီးတို့ဟာ မကြာသေးခင်အချိန်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ကြပါတယ်။

READဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်က Boss Logic ဆိုတဲ့ Artist တစ်ယောက်အကြောင်းTwitter-@BBCHindiဒါ့ကြောင့်လည်း ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးဟာ Jyoti ရဲ့ ခေါင်းပေါ်ကို အကုန်လုံး စုပြုံပြီး ကျရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ Jyoti ဟာ ကျန်ရှိနေသေးတဲ့ မြေ ၂၉ ဧကမှာ သူမတစ်ယောက်တည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ လယ်ထွန်စက်တစ်လုံးကို ရွာသားများအား အကူအညီတောင်းခဲ့ပေမယ့် ဘယ်သူမှ အကူအညီမပေးခဲ့သလို ရွာရှိလူတိုင်းက မြေဧကတွေကို သူတို့ဆီရောင်းချဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် Jyoti ကတော့ အဲဒီလယ်မြေတွေ ရောင်းချဖို့ ကိစ္စတွေကို လုံးဝသဘောမတူခဲ့ပါဘူး။

နောက်ဆုံး လယ်ထွန်စက် မငှားချင်ရင်တောင် ကျွန်မဘာသာ လယ်ထွန်စက်တစ်လုံးဝယ်ပါ့မယ်၊ ကျွန်မကို လယ်ထွန်စက်အသုံးပြုနည်း သင်ပေးပါလို့ တောင်းတောင်းပန်ပန် ပြောခဲ့ပေမယ့် တစ်ယောက်မှ မသင်ပေးခဲ့ပါဘူး။ အဲဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လေ့လာရတာပေါ့။ အခုတော့ ကျွန်မလယ်ထွန်စက်ကို ကောင်းကောင်းကြီး အသုံးပြုတတ်သွားပါပြီ။ဘာလို့ လယ်မြေတွေကို မရောင်းချင်တာလဲဆိုတော့ အဲဒီကရတဲ့ ပိုက်ဆံက ခဏတာအတွက်ပဲ အဆင်ပြေကောင်းပြေလိမ့်မယ်။ ဒါပေမယ့် ရေရှည်အဆင်မပြေပါဘူးဒါ့ကြောင့် လယ်မြေတွေကို မရောင်းချပဲ ကိုယ်ကိုယ်တိုင် လယ်စိုက်ပြီး ရတဲ့ ပိုက်ဆံနဲ့ မိသားစုကို ရှာကျွေးနေရတာပါ”လို့ Jyoti က ပြောကြားခဲ့ပါတယ်။