သက္ငယ္မုဒိမ္းက်ဴးလြန္သူမ်ားကုိ သင္းကြပ္ျခင္း၊ လူျမင္ကြင္းတြင္ ေသဒဏ္ေပးျခင္းတုိ႔ျပဳလုပ္သင့္တယ္ဆိုတဲ့ ဦးလွေဆြ

“ကြ်န္ေတာ့္အိမ္မွာ ၾကက္မနဲ႔ ၾကက္ဖႀကီး ေမြးထားတယ္။ အဲဒီမွာ ေလ့လာၾကည့္တာ ၾကက္ဖႀကီးက အရြယ္မေရာက္တဲ့ ၾကက္မေလးေတြကုိ မေပါင္းသင္းဘူးဗ်။ အခုဟာ လူက တိရိစာၦန္ဆုိးတဲ့ အျပဳအမူကုိ လုပ္တာဆုိေတာ့

သူ႔ကုိ လူျမင္ကြင္းမွာ ပစ္သတ္တာမ်ိဳး၊ ေသဒဏ္ေပးတာမ်ိဳး၊ သင္းကြပ္ပစ္လုိက္မ်ိဳး၊ ဒါမွမဟုတ္လည္း ေထာင္ထဲမွာပဲ တစ္သက္လုံးေန၊ ေသလည္း ေထာင္ထဲမွာေသ ဒီလုိမ်ိဳး ခ်မွတ္လုိက္ရင္ ပုိေကာင္းမယ္။ အခုဟာ အစုိးရက ထိေရာက္တဲ့ ျပစ္ဒဏ္မခ်တာေၾကာင့္ ပုိအတင့္ရဲလာတာဗ်။

ေနာက္တစ္ခုက စီးပြားေရး အဆင္မေျပတာ။ ပုိက္ဆံ မရွိတာေပါ့ဗ်ာ။ ေနာက္ မူးယစ္ေဆး၀ါးနဲ႔ အရက္ေတြ ေပါေနတာ။ ဒါေတြက လူစိတ္ေပ်ာက္ေစတယ္’’ဟု ဂန္႔ေဂါ အမတ္ေဟာင္း ဦးလွေဆြက ေျပာသည္။

ၿပီးခဲ့သည့္ လမ်ားအတြင္း သက္ငယ္မဒိန္းက်ဴးလြန္သူမ်ားကုိေသဒဏ္ေပးေရးအဆုိအား လႊတ္ေတာ္တြင္ ရခုိင္အမတ္မွတင္ျပရာတြင္ မဲခြဲရႈံးနိမ့္ခဲ့သည္။ျပစ္မႈဆုိင္ရာ ဥပေဒပုဒ္မ ၃၇၆ တြင္

အဓမၼျပဳက်င့္ေၾကာင္း ထင္ရွား၍ ျပစ္မႈ က်ဴးလြန္သူအား တစ္သက္တစ္ကြ်န္းျဖစ္ေစ၊ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏုိင္သည္ဟု ျပ႒ာန္းထားသည္။

သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူမ်ားကုိ သင္းကြပ္ျခင္း၊ လူျမင္ကြင္းတြင္ ေသဒဏ္ေပးျခင္း တုိ႔ျပဳလုပ္သင့္ေၾကာင္း ဂန္႔ေဂါ အမတ္ေဟာင္း ဦးလွေဆြက အႀကံျပဳေျပာၾကားလုိက္သည္

ခရက္ဒစ္ akonသိ

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ကျွန်တော့်အိမ်မှာ ကြက်မနဲ့ ကြက်ဖကြီး မွေးထားတယ်။ အဲဒီမှာ လေ့လာကြည့်တာ ကြက်ဖကြီးက အရွယ်မရောက်တဲ့ ကြက်မလေးတွေကို မပေါင်းသင်းဘူးဗျ။ အခုဟာ လူက တိရိစ္ဆာန်ဆိုးတဲ့ အပြုအမူကို လုပ်တာဆိုတော့

သူ့ကို လူမြင်ကွင်းမှာ ပစ်သတ်တာမျိုး၊ သေဒဏ်ပေးတာမျိုး၊ သင်းကွပ်ပစ်လိုက်မျိုး၊ ဒါမှမဟုတ်လည်း ထောင်ထဲမှာပဲ တစ်သက်လုံးနေ၊ သေလည်း ထောင်ထဲမှာသေ ဒီလိုမျိုး ချမှတ်လိုက်ရင် ပိုကောင်းမယ်။ အခုဟာ အစိုးရက ထိရောက်တဲ့ ပြစ်ဒဏ်မချတာကြောင့် ပိုအတင့်ရဲလာတာဗျ။

နောက်တစ်ခုက စီးပွားရေး အဆင်မပြေတာ။ ပိုက်ဆံ မရှိတာပေါ့ဗျာ။ နောက် မူးယစ်ဆေးဝါးနဲ့ အရက်တွေ ပေါနေတာ။ ဒါတွေက လူစိတ်ပျောက်စေတယ်’’ဟု ဂန့်ဂေါ အမတ်ဟောင်း ဦးလှဆွေက ပြောသည်။

ပြီးခဲ့သည့် လများအတွင်း သက်ငယ်မဒိန်းကျူးလွန်သူများကိုသေဒဏ်ပေးရေးအဆိုအား လွှတ်တော်တွင် ရခိုင်အမတ်မှတင်ပြရာတွင် မဲခွဲရှုံးနိမ့်ခဲ့သည်။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ တွင်

အဓမ္မပြုကျင့်ကြောင်း ထင်ရှား၍ ပြစ်မှု ကျူးလွန်သူအား တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သင်းကွပ်ခြင်း၊ လူမြင်ကွင်းတွင် သေဒဏ်ပေးခြင်း တို့ပြုလုပ်သင့်ကြောင်း ဂန့်ဂေါ အမတ်ဟောင်း ဦးလှဆွေက အကြံပြုပြောကြားလိုက်သည်

ခရက်ဒစ် akonသိ