ပြည်သူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ







ယူနီကုဒ်ဖြင့် ဖတ်ရန်

မန္တလေးမြို့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

သတင်း၊ ဓါတ်ပုံ ကိုနေကို

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်တွင် ကျူးကျော် ရှင်းလင်းရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့(ဇူလိုင်၁၁)တွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ခြမ်းရှိ ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရှင်းလင်းရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဲဖြင့် အထုခံရက ရဲတပ်ဖွဲ့ဝင် (၃)ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

လက်ရှိ အချိန်ထိ အဆိုပါ နေရာတွင် နှစ်ဖက် တင်းမာနေဆဲဖြစ်သည်။

credit မန္တလေး Indepth News