သင်. အရိုးကျီးပေါင်း ဖြစ်နေပြီလား. ဒီကာကွယ်ကုသလိုက်နည်းလေး ဖတ်ကြည့်ပါ







Credit – Mg မန္တလေး

ယူနီကုဒ်ဖြင့် ဖတ်ရန်

ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည်။ ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့် ကြိုတင်ကာကွယ်လို့မရသော ရောဂါမျိုးလည်းဖြစ်ပါတော့တယ်။

ကာကွယ်နိုင်သည့် သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေးပါ။ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့လှည့်ချိုးကြပါတယ်။ အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ်။

စာအုပ်စာပေ ဖတ်သူများအနေဖြင့် ကြာရှည်စွာ ခေါင်းငုံစာဖတ်ခြင်းမျိုးကို အထူးပင် ရှောင်ရှားသင့်ပါသည်။ ကွန်ပျုတာနှင့် ဖုံးများကို ရေရှည်ကြည့်ခြင်း၊ သုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကို တည့်မတ်စွာ သုံးစွဲခြင်းဖြင့် အကြောများ ပြေလျော့နေသည့် ပုံစံမျိုးဖြစ်နေပါစေ။

ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့် အမြင့်ထားပြီး အိပ်ခြင်းမျိုးသည် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင်း ပြောကြားပါရစေ။

ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့ နောက်ဖက်၊ အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ လည်ကုပ်တစ်ဆင့် နောက်စေ့၊ ပခုံး၊ လက်ဖျံနှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင်

အိပ်နေစဉ် ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါလက္ခဏာများပင် ဖြစ်ပါတော့သည်။

Credit – Mg မန္တလေး