သူတက်ထားတဲ့ပညာလေးနဲ့ တက်နိုင်သလောက် နှစ်စဉ်ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ လေးစားစရာ လူငယ်လေး

သူတက်ထားတဲ့ပညာလေးနဲ့ တက်နိုင်သလောက် နှစ်စဉ်ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ လေးစားစရာ လူငယ်လေး

ပရိသတ်ကြီးရေလောကမှာမိမိတတ်တဲ့ ပညာနဲ့ အသက်မွေးတာဟာ ကောင်းတဲ့ အလုပ်ပါနော်…ဒီလိုပဲ မိမိတတ်ထားတဲ့ ပညာရပ်နဲ့ ကုသိုလ်ကောင်းမှုပြုနိုင်သူတွေဟာ ပိုပြီး ကောင်းမွန်တဲ့ အလုပ်ပါပဲ…. ခုပြောပြမယ့် လူတစ်ယောက်ကတော့ မိမိတတ်ထားတဲ့ ပညာနဲ့ ၅ နှစ်တိတိ ပိုက်ဆံမယူဘဲကုသိုလ်ပြုခဲ့သူပဲဖြစ်ပါတယ်…

ဒီအကြောင်းလေးကို ခုလို ပြန်လည်မျှဝေလိုက်ရပါတယ်…“လေးစားလွန်းလို့ပါ….ကိုငယ်ဆိုတဲ့ လူဟာ နဂါးရုံဘုရား လက်ခံတည်တိုင်း ဗုဒ္ဓရုပ်ပွားတော်အား လက်ခ မယူပဲလှူခဲ့တာ… ၅ နှစ်ပြည့်ခဲ့ပါပြီ…ဘယ်အရာမဆို အအတက်နိုင်ဆုံး ကိုယ့်မှာ ရှိတဲ့ပညာလေးနဲ့ ကြိုးစား အားစိုက်ထားပါတယ်။

”ပြီးတော့ ကိုငယ်ကိုယ်တိုင်ကလည်း ခုလို ပြောထားပါတယ်…“ကျွန်တော်ကိုငယ်မှ နဂါးရုံဘုရား လက်ခံတည်တိုင်းဗုဒ္ဓရုပ်ပွားတော်အား လက်ခ မယူပဲလှူ ခဲ့တာ ၅နှစ်ပြည့်ရှိခဲ့ပါပြီ… ဘယ်အရာမဆို အတက်နိုင်ဆုံးစေတနာထားပြီး ကိုယ့်မှာရှိတဲ့ပညာလေးနဲ့ ကြိုးစား အားစိုက်ထားပါတယ်..”မိမိတတ်ထားတဲ့ ပညာရပ်နဲ့ ခုလို အခကြေးငွေမယူဘဲ ကုသိုလ်ယူနေတဲ့ ကိုငယ်အတွက် ဂုဏ်ပြုစကားလေး ချီးမြှင့်ခဲ့ကြပါအုံးနော်….