






ယူနီကုတ်ဖြင့်ဖတ်ရန်
ယောကျာ်းတစ်ယောက်ရဲ့ ဥပက္ခာကို အံတုပြီး ပြုံးပြုံးလေးနေတတ်သွားပြီဆိုတဲ့ အေးဝတ်ရည်သောင်း

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အေးဝတ်ရည်သောင်းကတော့ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သူမရဲ့ ခံစားချက်တွေနဲ့ ပက်သတ်ပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ချစ်သူကိုလည်း တရားဝင်ချပြလိုက်ပြီဖြစ်တဲ့ အေးဝတ်ရည်သောင်းက ချစ်သူရှိကြောင်း ပရိသတ်တွေ သိထားပြီးဖြစ်ပေမယ့် အရင်ကအတိုင်း အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေးဝတ်ရည်သောင်းက “ယောကျာ်းတယောက်ရဲ့ ဥပက္ခာကို အံတုပြီး ပြုံးပြုံးလေးနေတတ်သွားတာ နေသားကျနေလို့ထင်ပါရဲ့။ ကိုယ့်အပြုံးထဲမှာနာကျင်မှုတောင် မစွက်ဖက်တော့ပါလား….” ဆိုပြီး ယောကျာ်းတစ်ယောက်ရဲ့ ဥပက္ခာကို အံတုပြီး ပြုံးပြုံးလေးနေတတ်သွားပြီဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ လက်ရှိမှာ သူမရဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကို ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။