အီတလီလူမျိုးနဲ့ချစ်သူဖြစ်နေတဲ့အပေါ် ဝေဖန်နေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ အဆိုတော်ချမ်းချမ်း

ချမ်းချမ်းက သူရဲ့ ချစ်သူ အသစ်နဲ့ ပတ်သက်ပြီး ပရိသတ်ကို ခုလို ရှင်းပြလိုက်ပါတယ်။

ကဲ. တချို့​တွေလဲ မ​ပြောမပြီးလို့​ ပြောလိုက်​​တော့မယ်​​နော်​. ဘယ်​သူမှ အိမ်​​ထောင် ​မကွဲချင်​ဘူး. ပါးစပ်​ကပဲ ချစ်​တယ်​လို့​ ပြော​ပြော​နေတာ ကျမ မဟုတ်​ဘူး. ကျမက မနုတတ်​ဘူး. မချွဲတတ်​ဘူး. ကျမကို ပရိတ်​သတ်​​တွေက လူမုန်းများမယ်​ဆိုပြီး စိုးရိမ်​​နေကြတာ.

မ​ကြောက်​ပါဘူး. ဘာတခုမှ ခိုး​ချောင်​ခိုးဝှက် ​မလုပ်​ခဲ့ဘူး. မသိပဲ​ ပြော​နေတဲ့. မန်းတ​လေးက အ​ကောင့်​တုနဲ့ christina မြတ်​​ရေ. ကျမကို လင်​ကွဲတာ မကြာ​သေးပဲ ​နောက်​တ​ယောက် ​တွဲတာ​တွေ့လို့ ရွံ့တယ်​ ဆို​တော့ ကျမကို ချစ်​ဖို့ ​နောက်(​၁၀) နှစ်​မှ လာပါ. ကြိုက်​ပါ ဆုံမယ်​လို့ တားထားလို့ ရလား။

ကျမ​နောက်​ထပ် ​ချစ်​တဲ့သူ ရှိလာတာနဲ့ အရင်​က အိမ်​​ထောင်​​ယောကျားကို ချစ်​ပါတယ်​လို့​ပြောခဲ့တာနဲ့ ဘာများ ဆိုင်​လို့လဲ. အလကား​နေရင်း အာ​ချောင်​တာ​တေကို အားနာမယ် ​မထင်​နဲ့. ​ပေါ်တင်​တွဲတာ. ကိုယ့်​တုန်းက လုပ်​ရက်​ခဲ့တဲ့ သူကိုကျ​တော့ မမြင်​ပဲ. အတိအလင်းကွဲပီးမှ တွဲတာ ဘယ်​သူ့ကို ထိခိုက်​လဲ.

လင်​​နောက်​တ​ယောက်​​ ကောက်​ယူတာလဲ မဟုတ်​ဘူး. ကိုယ်​ချင်း မစာမိပဲ ​ဘေးထိုင်​ ဘု​ပြော​နေတဲ့​တေ​ရော. ကျမကို က​လေးတ​ယောက်​ လင်​ကွဲလို့ဆိုပြီး အ​ချောင်​ရနှိုက်​မြည်းကြမယ့်လူ​တွေကြားထဲမှာ ကျမ အသက်​ (၃၀) ဝန်းကျင်​မှာ အိမ်​​ထောင်​ကွဲတယ်​. တဘဝလုးံ ပုံပြီး ချစ်​ခဲ့တယ်

ပါးစပ်​က ချစ်​ပါတယ်​လို့​ ပြောယုံတင်​ မကဘူး. ​ယောင်္ကျား ပြန်​လာရင်​ ထမင်းခွံ့​ကျွေး ​ခြေသည်းလက်​သည်း ညှပ်​. မနက်​ မိုးလင်းအထိ အိမ်​ကို လာလည်​တဲ့ သူ့ဧည့်​သည်​ မှန်​သမျှကိုလဲ မနားတမ်း ထမင်းဟင်း​တွေချက်​ပြီး ဧည့်​ခံ ပြုစု​ပေးတဲ့ မိန်းမပါ.

အိမ်​ထဲက အိမ်​ပြင်​အလုပ်​က လွဲရင်​ ကလပ်​​ရော ဘား​ရော ထိုင်​ရ​ကောင်းမှန်း မသိတဲ့ မိန်းမပါ. ကြိုက်​တဲ့လူ​ မေးလို့ရတယ်​. မိသားစုကလွဲရင်​ ကျန်​တာ စိတ်​မဝင်စားတဲ့ မိန်းမ. ကိုယ့်​ဘဝကို လက်​​တွေ့ပါ ချစ်​ပြခဲ့တဲ့မိန်းမ.

အခု ဘဝတ​ကွေ့မှာ တ​ယောက်​နဲ့တ​ယောက်​ ခွင့်​မလွှတ်​နိုင်​တဲ့ အိမ်​​ထောင်​​ရေး အ​ခြေအ​နေ​ကြောင့်​ ကွာရှင်းခဲ့တယ်. လွတ်​လပ်​ခွင့်​ ​ပေးလိုက်လို့ စိတ်ဆင်းရဲရတာ သက်သာလာတယ်​​​​. ဘဝကို အသက်​ရှူခွင့်​​ ပေးလိုက်​တယ်​. အိမ်​​ထောင်​တခုမှာ လင်​ရှိရက်

နောက်​​ယောကျားနဲ့ တွဲတယ်​ဆိုရင်​​တော့ ပြောကြပါ. ကျမကိုယ်​တိုင်​ အဆဲခံမယ်. အခုဟာက ကျမတို့ လင်​မယားကွဲတာ ဘာ​ကြောင့်​လဲ လူတိုင်းသိတယ်​. က​လေးမျက်​နှာ​ကြောင့်​ မချစ်​ပဲ​အောင့်​နမ်း​ ပေါင်းမယ့်​ထဲမှာ ကျမမပါဘူး.”

“အကြိန်​ကြိမ်​ ကြိုးစားကြည့်​တယ်​. မိဘ ​ယောက္ခမ. ယောင်းမ ​ဆွေမျိုး. တ​ယောက်​မှ လက်​ခံဖို့ သူတို့လဲ မဖြစ်​နိုင်​သလို ကိုယ့်​မိဘလဲ လက်​မခံနိုင်​ရြဘူး ကျမ​ပြောချင်​တာ အိမ်​​ထောင်​တခုကို ဘာ​ကြောင့်​လွယ်​လွယ် ပြန်​တည်​​ဆောက်​ဖို့ မဖြစ်​နိုင်​သလဲဆိုတာ ဒီလိုဘဝကို ဖြတ်​သန်းဖူးမှသိကြမယ်​.

ကြိုက်​သလို​ဝေဖန်​နိုင်​တယ်​. ဆဲနိုင်​တယ်​. ကိုယ်​မ​ပျော်​ရွှင်​​တော့တဲ့ ဘဝမှာ ကိုယ့်​ကို အလိုမရှိ​တော့တဲ့ မိသားစုဘဝ အ​ခြေအ​နေမှာ ဘာလို့ ခေါင်းငုံ့ခံပြီး သည်းခံ ဆက်​​ပေါင်းရမှာလဲ. ဒုတိယအချက်​. အခု​ခေတ်​မှာ အိမ်​​ထောင်​ကွဲဖူးတာနဲ့ ကိုယ့်​ကို

အနားကပ်​လာတဲ့ လူတိုင်းကို လက်​ခံပြီး ချစ်​လိမ့်​မယ် ​မထင်​ပါနဲ့. ကျမ အိမ်​​ထောင်​ကွဲပီး ၃လ၄လ ​လောက်​မှာ အ​ချောင်​ဝင်​လို့ ရမလားဆိုပြီး လာလုံးကြတဲ့လူ​တွေ အများကြီးပဲ. ကျမက ဒဲ့ဒိုးသမားပါ. အားမနာတတ်​ဘူး

အခု ကွဲပီး(၈)လ​လောက်​ အကြာမှာ ကိုယ့်​ရဲ့ဘဝအ​ခြေအ​နေကို လက်​ခံပြီး နားလည်း​ပေး. ချစ်​​ပေးနိုင်​တဲ့ လူတ​ယောက်​နဲ့​တွေ့တယ်​. အစပိုင်းမှာ ကိုယ်​​ရော သူ့အတွက်​​ရော လူ​တွေ​ပြောစရာဖြစ်​မှာ သိပ်​​တွေး​ကြောက်​လို့. သမီး​လေးအတွက်​ စဉ်းစားပြီး. ရှေ့ဆက်​ မတိုးချင်​ခဲ့ဘူး. ဘဝမှာ ဘယ်​သူ့ကိုမှမယုံရဲခဲ့ဘူး

ကျမမိန်းမတ​ယောက်​ပါ. တ​ယောက်​တည်း က​လေးတဖက်​နဲ့ ရုန်းကန်​​နေတယ်​. ဘဝမှာ ဒီလိုကံပါလာလို့ အခုလို အ​ခြေအ​နေ​ ရောက်​​နေရတာ်​. လက်​ခံတာ်​. ဘုရားအလို​တော်​အတိုင်းပဲ. တခွန်းပဲ ​မေးချင်​တာပါ. အိမ်​​ထောင်​ကွဲပီး သိပ်​မကြာခင်​မှာ ကိုယ့်​ကို တကယ်​ချစ်​ တကယ်​နားလည်​​ပေးနိုင်​တဲ့လူကို ရှာ​တွေ့တာ. ကျမအပြစ်​လား

တသက်​လုးံ လင်​ကွဲမလို့ လူ​တေအမြင်​မှာ သနားတဲ့အကြည့်​ နှိမ်​တဲ့အကြည့်​ထက် ​စာရင်​​တော့. ကျမကိုအခု အ​ကြောင်းအရာ တစိုးတစိမှ မသိပဲ နားမလည်​ပဲ ဝင်​ဆဲဝင်​​ပြော​နေကြတဲ့ အ​ကောင့်​အတု​တွေဖွင့်​ပြီး ဝင်​ဆဲ​နေကြတဲ့ ညမ​လေး​တေ ​မောင်​​လေး​တွေကို​လေ. တခုပဲ​ ပြောချင်​တယ်​.

အကုသိုလ်​ မယူမိ​စေနဲ့လို့. ဘာလို့လဲဆို​တော့ အမကသာ ဆပွန်​ဆာယူပြီး လင်​ဆာ​နေတဲ့ မိန်းမတ​ယောက်​ဆိုရင် ​လူ​တွေအ​ရှေ့မှာ ပရိတ်​သတ်​ အမုန်းခံပြီး​ ပေါ်တင်​မတွဲပဘူး. သိလား. ခိုးစားတဲ့သာ​တွေက လူမသိ​အောင်​​ နေကြတယ်​. လူမိ​တော့မှ မဟုတ်​ဘူး ဆိုပြီးငြင်းကြတာ.”

”အမက ကိုယ့်​ကို တကယ်​ချစ်​ပြီး. သူ့မိသားစု​ ကိုယ်​တိုင်​က ကိုယ်​က က​လေးအ​မေတ​ယောက်​. မြန်​မာမိန်းက​လေး. ဒါ​ပေမဲ့ သူတို့သားလူပျိုက မသည်းအသန်​ ချစ်​တယ် သူ့မိဘ​တွေကလဲ အရမ်းချစ်​ပြီး သမီးတ​ယောက်​လိုပဲ. သူ့အမကအစ

သူ့ သူငယ်​ချင်း​တေကအစလက်​ခံတယ်. အားမငယ်​ဖို့ စိတ်​ဓာတ်​မကျဖို့. လူဆိုတာ သင်​ခန်းစာ ယူတတ်​ရင်​ ​နောက်​အ​ခြေအ​နေတခု ကြုံလာရင်​​ ကောင်း​ကောင်း ကိုင်​တွယ်​တတ်​လာမယ်​တဲ့

ကျမတို့ဟာ လူမျိုးမတူကြဘူး. သူက အီတလီ. ကျမကမြန်​မာ. ဒါ​ပေမဲ့ အချိန်​တို​လေးအတွင်း ကိုယ့်​ကို နားလည်​​ပေးတယ်​. သူတကယ်​ချစ်​လို့ သူ့မိဘ​​တွေနဲ့​တောင်​ မိတ်​ဆက်​​ပေးတယ်​. ဒီလိုလူတ​ယောက်​ကို ညီမဘဝအတွက်​ ကျမကို ချစ်​ဖို့ အခွင့်​အ​ရေးမ​ပေးရ​တော့ဘူးလား. ဘာလို့လဲ. ကျမက အိမ်​​ထောင်​ကွဲမို့လို့လား. အနုပညာသမားမို့. လူ​တွေအားကျ​အောင်​ ဟန်​​ဆောင်​​နေပြရမှာလား. ကျမ drama မခင်းတတ်​ဘူး

ပရိတ်​သတ်​ သနား​အောင်​လဲ မ​ပြောတတ်​ဘူး. ပိုက်​ဆံလဲမမက်​ဘုး. သူက သာမန်​​ယောကျားတ​ယောက်​. မြနိမာနိုင်​ငံမှာ အလုပ်​လာလုပ်​တယ်​. ကြိုးစား​နေတဲ့ လုပ်​ငန်းရှင်​တ​ယောက်​. အပြင်​ထွက်​ရင်​​တောင်​ သူက Taxi နဲ့သွားတဲ့သူ. ဒါ​ပေမဲ့ ကျမဘာ​ကြောင့်​ သု့ကိုလက်​ခံလဲ. သူက အရှိကို အရှိအတိုင်း​နေတယ်​. ဟန်​မ​ဆောင်​ဘူး.

အလကား​ နေချစ်​ပါတယ်​ဆိုပြီး အခွငိ့အ​ရေး ယူတဲ့အထဲ သူမပါဘူး. သေချာတာ​တော့ အခုကျ စိတ်​ချမ်းသာတယ်. မချမ်းသာပေမဲ့ သူ ကျမကိုချစ်​လို့. သူချစ်​ကိုရလို့ ကျမအရမ်း စိတ်​ချမ်းသာတယ်​. ကိုယ်​ချစ်​ခဲ့တုန်းက လိုပဲ အခု​တော့ ပြန်​အချစ်​ခံရတယ်​. ကျမလဲ ချစ်​ခံရတယ်​ဆိုတဲ့ ခံစားချက်​ကို ဘဝမှာ မ​​သခေင်​​လေး အချိန်​မှာ ခံစားဖူးပါရ​စေ

ကိုယ်​ပိုင်​ လွတ်​လပ်​ခွင့်​​တောင်​မရှိ. လူမြင်​ကွင်းမှာ မုန့်​ထွက်​စား​တော့လဲ ကိုယ့်​ကိုယ့်ကိုရွံတဲ့ အကြည့်​​တေနဲ့ ဝိုင်းကဲ့ရဲ့ကြတယ်​. သူကကျမကို သနားလို့ သူဘယ်​လို လုပ်​​ပေးရမလဲ. သူ ဘာလုပ်​​ပေးရမလဲလို့ အမြဲ​မေးတယ်​. ကျမတခုပဲ ပြန်​​ပြောလိုက်​တယ်​. ငါ့ကို တကယ်​ချစ်​တယ်​ဆိုရင်​ နားမလည်​ပဲ ကိုယ်​ချင်းမစာပဲ မြင်​တဲ့ အ​ပေါ်ယံကို ကဲ့ရဲ့တတ်​တဲ့ လူ​တွေဒဏ်​​တွေ

နင်​ခံနိုင်​ရမယ်​လို့. ကျမ ​နေမ​ကောင်းရင်​ တဖွဖွအနားမှာဘယ်​သူရှိခဲ့ဖူးလဲ. ကိုယ်​နာကျင် ​ခံစား​နေရတဲ့ အချိန်​ အနား ​ဖေးမမနဲ့ အလုပ်​​တွေဖျက်​ အချိန်​​ပေးတာ​တွေ. ဘာလို့ ရုပ်​​ချောပြီး ချမ်းသာတဲ့သူကိုမ​ရွေးပဲ သားမန်​နိုင်​ငံခြားသားတ​ယောက်​ကို ​ရွေးလဲဆိုတာ.

ကျမအခု ဂရုစိုက်​ခံရတာ​တွေ အချစ်​ခံရတာ.နားလည်​​ပေးတာခံရတာ. မိန်းမတ​ယောက်​ကိုမိန်းမတ​ယောက်​လို ခံစားရ​စေတာ​တေ. က​လေးအ​မေ တ​ယောက်​ဆိုပြီး နှိမ်​​နေတဲ့အသိုင်းအဝိုင်းမှာ လူတ​ယောက်​လို မြင်​​ပေးတဲ့

အသိုင်းအဝိုင်းကို​တွေ့ရတာ. လူ​တွေက​တော့ အစွဲ​တွေ​ကြောင့်​ ကျမကိုမုန်းမှာပဲ. ကဲ့ရဲ့မှာပဲ. ဒါ​ပေမဲ့ ချမ်းချမ်းဆိုတဲ့ကျမက ကိုယ့်​ကို တန်​ဖိုးမထားပဲ ​နောက်​တ​ယောက်​နဲ့လဲခဲ့တဲ့ လူ​တွေကို​တောင် နှစ်​နဲ့ချီပြီး ဘဝတခုလုးံ​ ပေးခဲ့မိ​သေးတာပဲ

အခုလိုအချစ်​ခံရ တန်​ဖိုးထားခံရတာ. ကျမက​တော့ တန်​တယ်​. ကျမတို့ ယူဖြစ်​ မယူဖြစ်​ဆိုတာ နောက်​မှ စဉ်းစားလို့ရတယ်​..ကြိုက်​သလိုဆဲပဲ. ကျမခံစားရတာ. နာကျင်​ရတာဘယ်​သူမှ နားမလည်​ဘူး. ကျမ​ကြောင့်​ ကျမကို ချစ်​တဲ့သူ​တွေကို မထိခိုက်​ မနာကျင်​​စေချင်​လို့ ရှင်းပြရခြင်းပါ ကျမလင်​ငယ်​ထားတာလဲ မဟုတ်​ဘူး.

ဖောက်​ပြန်​​နေတာလဲ မဟုတ်​ဘူး. အိမ်​​ထောင်​ကွဲတာ တနှစ်​နဲ့ (၂)လ ရှိပြီ. မ​ကျေနပ်​လို့ အမြင်​ကပ်​လို့ ဆဲချင်​​ပြောချင်​လဲရတာ်​. လွတ်​လပ်​စွာပါပဲ. ကျမ သမီးအတွက်​ ကျမ အချိန်​​ပေးသလို ကျမကို ချစ်​တဲ့သူ​တွေကိုလဲ အချိန်​​ပေးတယ်

ဒါ​ကြောင့်​ကျမကို ကျမရဲ့လက်​ရှိ ချစ်​သူနဲ့​တွေ့ရင်​ က​လေးပစ်​ပြီး​ လျောက်သွားနေတယ်​ လို့ မြင်​မယ့်​အစား ကဲ့ရဲ့မယ့်​အစား. ​အော်​ သူက ပရိတ်​သတ်ကို မလိမ်​မညာပဲ ချပြတယ်​. အသိ​ပေးတယ်​ ဆိုတာကိုသိ​စေချင်​တယ်​. သမီးကိုလဲ အ​ဖေတလှည့်​ အဆင်​​ပြေ​အောင်​ထားနေဆိုတာ နားလည်​​စေချင်​တယ်​.

အိမ်​ထောင်​ပြုဖူးတဲ့ မိန်းတ​ယောက်​အတွက် ​​ယောကျားဆိုတာ မဆန်း​ပေမဲ့. အခုမှ အချစ်​ခံဖူးတဲ့ မိန်းမတ​ယောက်​ အတွက်​​တော့ အခုထိ အသစ်​အဆန်းပဲ. အရင်​အိမ်​​ထောင်​တုန်းကလဲ ​ပျော်​ခဲ့ကတာ​တွေ ချစ်​ခဲ့ကြတာ​တွေ ရှိခဲ့တယ်

အ​ကြောင်းမလှလို့ ဇာတ်​သိမ်းခဲ့ရတဲ့ အိမ်​​ထောင်​​ရေးမှာ ဘာကိုမှ အပြစ်​တင်​ပြီး ပူ​ဆွေးမ​နေ​တော့တာ. မချစ်​ခဲ့လို့ မချစ်​​တော့လို့ မဟုတ်​ဘူး. ဘယ်​သူမဆို ကိုယ်​ချစ်​တဲ့သူနဲ့ ​ပေါင်းချင်​ကြတာချည်းပဲ. အနိမ့်​အမြင့်​ကို ကြိုးစားခဲ့လို့ အခုချိန်​ထိ သမီး​လေးအတွက်​ အ​ဖေအ​မေ​ကောင်း​တွေဖြစ်​​နေကြတုန်းပဲ.

ပြန်​​ပေါင်းဖို့ မကြိုးစားဘူးတဲ့သူ ဘယ်​သူရှိမလဲ. မဖြစ်နိုင်​​တော့လို့​ပါ့. ဘယ်​သူမှ မမြင်​ရတဲ့ ခံစားချက်​​တွေ ကိုယ်​စီ ရှိ​နေကြလို့​ပေါ့. လက်​ရှိကိုယ့်​ကိုချစ်​​နေတဲ့သူက ကိုယ့်​​အ​ပေါ်. နားလည်​တယ်​. အဲ့လိုခံစားချက်​​တွေကို. ကိုယ်​က ချစ်​သ​လောက်​ ဂရုစိုက်​သ​လောက်​ တန်​ဖိုးမထားခံရတာ​တွေ. ကိုယ့်​လို မကြုံ​စေချင်​ဘူး

အဲ့​တော့ ကျမကို အားမ​ပေးချင်​​တော့ဘူးဆိုလဲ ရပါတယ်. ဘယ်​သူ့ကိုမှ မ​စော်​ကားပါဘူး မုန်းလဲ မမုန်းပါဘူး. ကဲ့ရဲ့ချင်​လဲ ကဲ့ရဲ့နိုင်​ကြပါတယ်​. ဒါ​ပေမဲ့ ကျမက​တော့ ကျမလိပ်​ပြာကျမလုံတယ်

သူများလင် ​မခိုးဘူး. ကိုယ့်​​ကြောင့်​ သူများမျက်​ရည်​ မကျဘူး. သူများအ​ကြောင်းလဲ စိတ်​မဝင်​စားဘူး. ကျမကိုချစ်​ဆဲ့ သူ​တေအ​ကြောင်းပဲ အခုစိတ်​ဝင်​စားတယ်. ဘာပဲဖြစ်​ဖြစ်​ အရင်​တုန်းက အတိုင်းပဲ ကျမ မညာတတ်​​သေးတာ ဘုရားကို ​ကျေးဇူးတင်​တယ်”။