ပရိသတ္ေတြ မႀကိဳက္တဲ့ေလာကထဲကို ဘယ္ေတာ့မွ ျပန္မသြားေတာ့ဘူးဆိုတဲ့ ရဲတိုက္

ပရိသတ္ေတြ မႀကိဳက္တဲ့ေလာကထဲကို ဘယ္ေတာ့မွ ျပန္မသြားေတာ့ဘူးဆိုတဲ့ ရဲတိုက္

“ဒ႑ာရီမိုး” ႐ုပ္ရွင္ကားႀကီး႐ုံတင္ၿပီးတဲ့ေနာက္မွာေတာ့ ရဲတိုက္ဟာ က်န္းမာေရး မေကာင္းတာေၾကာင့္ အႏုပညာအလုပ္ေတြ ခဏရပ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ က်န္းမာေရးျပန္လည္ေကာင္းမြန္လာၿပီျဖစ္သလို သူ႕ကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြအတြက္ ပီတိျဖစ္စရာေကာင္းတဲ့ စကားတစ္ခြန္း ဆိုလာပါတယ္။ ” ဘယ္ေတာ့မွ ပရိသတ္မႀကိဳက္တဲ့ေလာကထဲကိုျပန္မသြားေတာ့ဘူး။ ဘယ္ေလာက္အသစ္ေတြေပၚေပၚဘယ္ေတာ့မွမလုပ္ေတာ့ဘူး။

သူဟာဒါပဲဆိုတာသိသြားၿပီ” ဆိုၿပီးေတာ့ စက္တင္ဘာလ ၈ ရက္ေန႕ ညေန ၃ နာရီက သူ႕ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။ ရဲတိုက္ဟာ ၂၀၁၇ခုႏွစ္အတြင္းမွာ ေထာင္က လြတ္လာၿပီးေနာက္မွာ အာ႐ုံေၾကာေရာဂါနဲ႕ ပတ္သက္တဲ့ ေဝဒနာ တစ္ခုေၾကာင့္ ေဆးကုသမႈ ခံယူခဲ့ရပါေသးတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ က်န္းမာေရး အနည္းငယ္ ျပန္ေကာင္းလာတဲ့ အခ်ိန္မွာေတာ့ “ဒ႑ာရီမိုး” ႐ုပ္ရွင္ကားႀကီးကိုသ႐ုပ္ေဆာင္ ရဲတိုက္အပါအဝင္ ေဒါင္း၊ ေ႐ႊထူး၊ ဝတ္မႈံေ႐ႊရည္တို႔နဲ႕ ရိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။

သူ႕ အေနနဲ႕ ရိုက္ကူးေရးေတြမွာ မီးထိုး၊ မွန္ထိုး ဒဏ္ေတြေၾကာင့္ အာ႐ုံေၾကာေရာဂါ ျပန္ျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈေတြ ျပန္လည္ ရပ္နားခဲ့ ရတာ ျဖစ္ပါတယ္။ ရဲတိုက္ဟာ ႐ုပ္ရွင္ဇာတ္ကားတြ ျပန္လည္ရိုက္ကူးလာတဲ့ အခ်ိန္မွာေတာ့ သူ႕ကို ခ်စ္တဲ့ ပရိသတ္ေတြအတြက္ ဇာတ္ကားေကာင္းေတြ ေ႐ြးခ်ယ္ ရိုက္ကူးသြားမယ္လို႔လည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ ‘’ပရိသတ္ေတြ အရင္တုန္းကထက္ အမ်ားႀကီးပိုၿပီးဇာတ္ကားေကာင္းေတြၾကည့္ရမွာပါ။

အႏုပညာသမားတိုင္းကဘယ္လိုေနရာကေန တစ္ေထာင့္ တစ္ေနရာက ပါဝင္ပတ္သက္ေနရသည္ျဖစ္ေစ၊ အလင္းဆုံးၾကယ္ေလးေတြျဖစ္ေအာင္ေတာ့ ႀကိဳးစားေနၾကပါတယ္။ ဇာတ္ကားေကာင္း တယ္မေကာင္းဘူး ကေတာ့ ပရိသတ္ေတြက ခြဲတတ္ပါတယ္။ အခုေခတ္ျဖတ္သန္းပုံနဲ႕လည္း ဆိုင္တာေပါ့ေနာ္၊ မီဒီယာေလာကက အရင္တုန္းကနဲ႕လည္း မတူေတာ့ဘူး၊ ေဖ့စ္ဘြတ္ေပၚလာတာ၊ အႏုပညာသမားေတြနဲ႕ ပရိသတ္ေတြရင္ခုန္သံထပ္တူက်နိဳင္ေလာက္ေအာင္ ပိုၿပီးေတာ့ နီးစပ္လာတာေပါ့ေနာ္’’ လို႔ သူကဆိုပါတယ္။

ရဲတိုက္ကိုေတာ့ ပရိသတ္ေတြက ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ သူ႕ အေနနဲ႕ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယိုဇာတ္ကား မ်ားစြာမွာလည္း ပါဝငါသ႐ုပ္ေဆာင္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ထိ ပရိသတ္ အခိုင္အမာနဲ႕ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

ယူနီကုတ္ျဖင့္ဖတ္ရန္
“ဒဏ္ဍာရီမိုး” ရုပ်ရှင်ကားကြီးရုံတင်ပြီးတဲ့နောက်မှာတော့ ရဲတိုက်ဟာ ကျန်းမာရေး မကောင်းတာကြောင့် အနုပညာအလုပ်တွေ ခဏရပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သလို သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ပီတိဖြစ်စရာကောင်းတဲ့ စကားတစ်ခွန်း ဆိုလာပါတယ်။ ” ဘယ်တော့မှ ပရိသတ်မကြိုက်တဲ့လောကထဲကိုပြန်မသွားတော့ဘူး။ ဘယ်လောက်အသစ်တွေပေါ်ပေါ်ဘယ်တော့မှမလုပ်တော့ဘူး။

သူဟာဒါပဲဆိုတာသိသွားပြီ” ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ရဲတိုက်ဟာ ၂၀၁၇ခုနှစ်အတွင်းမှာ ထောင်က လွတ်လာပြီးနောက်မှာ အာရုံကြောရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာ တစ်ခုကြောင့် ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာတော့ ကျန်းမာရေး အနည်းငယ် ပြန်ကောင်းလာတဲ့ အချိန်မှာတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ကားကြီးကိုသရုပ်ဆောင် ရဲတိုက်အပါအဝင် ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

သူ့ အနေနဲ့ ရိုက်ကူးရေးတွေမှာ မီးထိုး၊ မှန်ထိုး ဒဏ်တွေကြောင့္အာရုံကြောရောဂါ ပြန်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် ရပ်နားခဲ့ ရတာ ဖြစ်ပါတယ်။ ရဲတိုက်ဟာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာတဲ့ အချိန်မှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေ ရွေးချယ် ရိုက်ကူးသွားမယ်လို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ‘’ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီးဇာတ်ကားကောင်းတွေကြည့်ရမှာပါ။

အနုပညာသမားတိုင်းကဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်း တယ်မကောင်းဘူး ကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

ရဲတိုက်ကိုတော့ ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ အနေနဲ့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကား များစွာမှာလည်း ပါဝငါသရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။