ဘယ်လောက်ဝေးဝေး အမေစုနဲ့နှလုံးသားချင်းက တစ်ထပ်တည်းပါ ဆိုတဲ့ ကျော်သူ

ဘယ်လောက်ဝေးဝေး အမေစုနဲ့နှလုံးသားချင်းက တစ်ထပ်တည်းပါ ဆိုတဲ့ ကျော်သူ




ယူနီကုတ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ပရဟိတ ဖခင်ကြီးလို့တင်စားရလောက်အောင် လူတိုင်းလေးစားချစ်ခင်ရတဲ့ နိုင်ငံကျော် မင်းသားကြီး ဦးကျော်သူကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ဦးကျော်သူနာရေးကူညီမှုအသင်းရဲ့ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်နေတဲ့ သူတစ်ယောက်ပါ။ ဒီနေ့ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေအားလုံး ကိုယ်ယုံကြည်ရာပါတီကို အားပေးခဲ့ကြပြီးအနုပညာရှင်တော်တော်များများကတော့ NLD ပါတီကို အားပေးထောက်ခံနေကြတာတွေ့ရပါတယ်။

NLD ပါတီကို ထောက်ခံအားပေးသူတွေ ထဲမှာ ပရဟိတ မင်းသားကြီး ဦးကျော်သူလည်း အပါဝင်ဖြစ်ပြီး ဟိုးအရင်တုန်းက အမေစုနဲ့ တွေ့ဖြစ်ပေမယ့်နောက် NLD အနိုင်ရပြီးအချိန်ကစပြီး အမေစု နဲ့အတွေ့ကျဲ လာသလို အခုဆိုရင် လုံးဝကို မတွေ့ဖြစ်တော့ဘူးလို့ဆိုလာပါတယ်။ ဒါပေမယ့် “မျက်လုံးချင်းဘယ်လောက် ဝေးဝေး နှလုံးသားချင်းက တစ်ထပ်တည်းပါ” အမေ။ ဆိုတဲ့စာသားလေးနဲ့အတူအမေစုပုံနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။

ဦးကျော်သူကို လေးစားချစ်ခင်ကြတဲ့ ပရိသတ်ကြီးကလည်း NLD ကိုထောက်ခံအားပေး ကြကြောင်းဝေဝေဆာဆာမှတ်ချက်တွေ ရေးသားထားကြတာလည်းတွေ့ရပါတယယ်။ ပရိသတ်ကြီးထဲမှာရော ဦးကျော်သူလို အမေနဲ့နှလုံးသားချင်းထပ်တူကျတဲ့သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော်။