ကိုဗစ်တိုက်ဖျက်ရေးအတွက် ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်နှစ်ဦးအတွက် ဂုဏ်ယူနေတဲ့ ပြေတီဦး
ကိုဗစ်တိုက်ဖျက်ရေးအတွက် ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်နှစ်ဦးအတွက် ဂုဏ်ယူနေတဲ့ ပြေတီဦး
ယူနီကုတ်ဖြင့်ဖတ်ရန်
မင်းသားချော ပြေတီဦးကတော့ ငယ်စဉ်ကတည်းက မြန်မာ့ရုပ်မြင်သံကြား ပညာပေးဇာတ်လမ်းတိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်လက်ဖြစ်လာခဲ့ရာအခုဆိုရင် အကယ်ဒမီဆုကြီး (၄) ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြေတီဦးက သူအောင်မြင်လာတဲ့အချိန်မှာ လူငယ်တွေဲ့ ပညာရေးနဲ့ ပက်သတ်ပြီး ပံ့ပိုးပေးချင်စိတ်အပြည့်ရှိပြီး ” ပြေတီဦး ပညာရေးဖောင်ဒေးရှင်း” ကို တည်ထောင်ခဲ့ရာအခုဆိုရင် ဆယ်စုနှစ်တစ်စုတောင် ကျော်ပြီပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပြေတီဦးက ရခိုင်ပြည်နယ် ကိုဗစ်တိုက်ဖျက်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှ ဆရာဝန်နှစ်ဦးအတွက် ဂုဏ်ယူကြောင်းပြောလာပါတယ်။“ရခိုင်ပြည်နယ်အတွက် တာဝန်ထမ်းဆောင်ဖို့ ကိုယ်တိုင်တောင်းဆိုပြီးသွားရောက်ခဲ့ကြတဲ့ ဖောင်ဒေးရှင်းမှ ဆရာဝန် ဒေါက်တာ ဇော်ဝင်းမြင့်နဲ့ ဒေါက်တာနိုင်လင်းဝေ တို့အတွက် လေးစားစွာ ဂုဏ်ယူမိပါသည်။ဖောင်ဒေးရှင်းမှညီငယ် ညီမငယ်များအတွက်လည်းစံပြဖြစ်စေလို့ ပြေမပြတတ်အောင္ကျေးဇူးတင်မိပါသည်။
ညီငယ်နှစ်ယောက် နှင့်အတူ ကျန်းမာရေးဝန်ထမ်းများအားလုံး ဘေးအန္တရာယ်များကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာ တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းကတော့ နိုင်ငံအတွက် အကျိုးပြုစေမယ့် ဆရာဝန်၊ အင်ဂျီနီယာစတဲ့ ပညာတတ်လူငယ်တွေများစွာကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ပြေတီဦးဖောင်ဒေးရှင်းက ဆရာဝန်လေးနှစ်ယောက်အတွက်ထပ်တူ ဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်