ယွန်းယွန်း ရဲ့ ဂရု စိုက် မှု တစ် ခုကြောင့် မျက် ရည် ဝဲ တဲ့ အထိဖြစ် ခဲ့ ရ တဲ့ အကြောင်းကို ပြောပြ လာ တဲ့ သဇင်ထူးမြင့်

ယွန်းယွန်း ရဲ့ ဂရု စိုက် မှု တစ် ခုကြောင့် မျက် ရည် ဝဲ တဲ့ အထိဖြစ် ခဲ့ ရ တဲ့ အကြောင်းကို ပြောပြ လာ တဲ့ သဇင်ထူးမြင့်






ယူနီကုတ်ဖြင့်ဖတ်ရန်
ပရိသတ်အချစ်တော် သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုတစ်ယောက်ဖြစ်ရုံသာမက ချစ်စရာကောင်းတဲ့ဟန်လေးတွေကြောင့် ပရိသတ်အချစ်ပိုရတဲ့ မော်ဒယ်သရုပ်ဆောင်လေးတစ်ဦးပဲဖြစ်ပါ တယ်။

ဒီနေ့မှာတော့ သဇင်ထူးမြင့်တစ်ယောက် တစ်စုံတစ်ဦးရဲ့ Suprise တိုက်ခံလိုက်ရလို့ ကျော်ရွှင်နေတာပဲဖြစ်ပါ တယ်။

သူမစပရိုက်အတိုက်ခံလိုက်ရတဲ့အကြောင်းလေးကို သဇင်ထူးမြင့်က“Feel နေတယ်လို့ဘယ်သူ့ကိုမှမပြောမိဘဲ နဲ့ အားတဲ့ရက်လေးမို့နားနေတုန်း -ဟိုတယ်ဝန်ထမ်းတစ်ယောက်က မာလာရှမ်းကောဆိုပြီး ရန်ကုန်က ပို့လိုက်တာ ဆိုတဲ့ ” စသားလေးကို သူမရဲ့ My Dayမှာတင်ခဲ့တ ာပါ။အံ့သြနေတဲ့ သဇင်ထူးမြင့်တစ်ယောက် သူမကို စပရိုက်တိုက်တဲ့သူကိုသိလိုက်ရချိန်မှာတော့ ပျော်လွန်းလို့ ခုန်ပေါက်မိတယ်လို့ဆိုပါတယ်။ အဲ့တာကတော့ သူမကို Suprise လုပ်ပေးတာ သူမရဲ့အချစ်ဆုံးသူငယ်ချင်း ယွန်းယွန်းဖြ စ်နေလို့ပါပဲ။ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကို ကြော်ငြာလေးတွေ ပိုစတာလေးတွေမှာ အတူတူတွေ့မြင်ဖူးကြမှ ာပါ။

ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းလေးရဲ့ စပရိုက်ကြောင့် သူမဘယ်လိုပျော်ရွှင်ရတယ်ဆိုတာကိုတော့ သဇင်ထူးမြင့်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဒီလိုလေးမျှဝေပေးထားပါတယ်။“ခုထိပျော်လွန်းလို့ ခုန်ပေါက်နေတုန်းတစ်ယောက်တည်း ပင်ပန်းနေတဲ့ချိန်မှာရလိုက်တာ အရမ်းတန်ဖိုးရှိတယ်….စပရိုက်တိုက် တာတဲ့ဟီးငါ့သူငယ်ချင်းလေး အရမ်းချစ်တယ်နော် မပြောပဲရတဲ့ ဂရုစိုက်မှုတွေက အားရှိသွားပြီ ငါ့တွက်တော ဒီလိုရိုတတ်တဲ့ကောင် မလေးနဲ့ best friend ဖြစ်ခွင့်ရတာ ကံကောင်းခြင်းပဲThelYoon Forever သိပ်ချစ်ဖို့ကောင်းတဲ့ Friendship လေးပါပဲနော်။

သဲနဲ့ယွန်းလေးတို့ရဲ့ ဂရုစိုက်မှုလေးတွေကနေ သူတို့ရဲ့ကြည်နူးမှုလေးတွေ ပရိသတ်ကြီးဆီကူးစက်သွားစေဖို့ ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။