ဗဟိုစည္အထူးကုေဆး႐ုံက သူနာျပဳအကူ ၁ ဦးအပါအဝင္  ၃ ဦးတြင္ ကိုဗစ္-၁၉ ပိုးေတြ႕

ဗဟိုစည္အထူးကုေဆး႐ုံက သူနာျပဳအကူ ၁ ဦးအပါအဝင္  ၃ ဦးတြင္ ကိုဗစ္-၁၉ ပိုးေတြ႕

ရန္ကုန္၊ လမ္းမေတာ္ၿမိဳ႕နယ္ရွိ  ဗဟိုစည္အထူးကုေဆး႐ုံက သူနာျပဳအကူ တစ္ဦးနဲ႕ တျခားဝန္ထမ္း ႏွစ္ဦးမွာ ကိုဗစ္-၁၉  ေရာဂါ စစ္ေဆးေတြ႕ရွိတယ္လို႔ လမ္းမေတာ္ၿမိဳ႕နယ္ က်န္းမာေရးဌာနက ဒီဗြီဘီကို ေျပာပါတယ္။ပိုးေတြ႕တဲ့ အမ်ိဳးသား သုံးဦးကေတာ့ ဗဟိုစည္အထူးကုေဆး႐ုံမွာ အခ်ိန္ပိုင္းဝန္ထမ္းေတြျဖစ္တဲ့ သူနာျပဳအကူ  တစ္ဦး၊ လွ်ပ္စစ္ဝန္ထမ္း  တစ္ဦးနဲ႕ အဲယားကြန္းျပင္ဝန္ထမ္း တစ္ဦးတို႔ ျဖစ္ၾကပါတယ္။သူတို႔ သုံးဦးဟာ ေနမေကာင္းလို႔ အင္းစိန္ေဆး႐ုံ ၊ သဃၤန္းကြၽန္းေဆး႐ုံနဲ႕ ရန္ကုန္ေဆး႐ုံႀကီးကို သြားေရာက္ျပသရာက စစ္ေဆးရာမွာ ေရာဂါေတြ႕ခဲ့ရတာျဖစ္ၿပီး ေဆး႐ုံထဲမွာ ေတြ႕တာမဟုတ္ဘူးလို႔ လမ္းမေတာ္ၿမိဳ႕နယ္ က်န္းမာေရးဌာန တာဝန္ရွိသူက ဆိုပါတယ္။

က်န္းမာေရးနဲ႕အားကစားဝန္ႀကီးဌာနရဲ႕  ၫႊန္ၾကားခ်က္နဲ႕ ၿမိဳ႕နယ္ ကိုဗစ္-၁၉ ေကာ္မတီတို႔က လာေရာက္ကာ ဗဟိုစည္အထူးကုေဆး႐ုံကို ေလာ့ေဒါင္းခ်လိဳက္ၿပီလို႔လည္း လမ္းမေတာ္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ထြန္းက ေျပာပါတယ္အဆိုပါ အတည္ျပဳလူနာ သုံးဦးဟာ က်န္းမာေရးနဲ႕ အာကစားဝန္ႀကီးဌာနရဲ႕ အတည္ျပဳလူနာစာရင္းမွာ ပါဝင္သြားၿပီျဖစ္တယ္လို႔လည္း  က်န္းမာေရးဌာနက ေျပာပါတယ္။

ဒီကေန႕ညေန ၄ နာရီေလာက္က ဗဟိုစည္အိမ္ရာဝင္းအတြင္းရွိ ဗဟိုစည္အထူးကုေဆးခန္း ဖြင့္လွစ္ရာတိုက္ေတြနဲ႕ လုပ္ငန္းေဆာင္႐ြက္ရာ တိုက္ ၉ လုံး နဲ႕ ပတ္ပတ္လည္ ေနရာေတြကိုလည္း Lockdown ခ်လိဳက္ပါတယ္။

(ယူနီကုတ္ျဖင့္ဖတ္ရန္)
ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ  ဗဟိုစည်အထူးကုဆေးရုံက သူနာပြုအကူ တစ်ဦးနဲ့ တခြားဝန်ထမ်း နှစ်ဦးမှာ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ လမ်းမတော်မြို့နယ် ကျန်းမာရေးဌာနက ဒီဗွီဘီကို ပြောပါတယ်။ပိုးတွေ့တဲ့ အမျိုးသား သုံးဦးကတော့ ဗဟိုစည်အထူးကုဆေးရုံမှာ အချိန်ပိုင်းဝန်ထမ်းတွေဖြစ်တဲ့ သူနာပြုအကူ  တစ်ဦး၊ လျှပ်စစ်ဝန်ထမ်း  တစ်ဦးနဲ့ အဲယားကွန်းပြင်ဝန်ထမ်း တစ်ဦးတို့ ဖြစ်ကြပါတယ်။သူတို့ သုံးဦးဟာ နေမကောင်းလို့ အင်းစိန်ဆေးရုံ ၊ သင်္ဃန်းကျွန်းဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသရာက စစ်ဆေးရာမှာ ရောဂါတွေ့ခဲ့ရတာဖြစ်ပြီး ဆေးရုံထဲမှာ တွေ့တာမဟုတ်ဘူးလို့ လမ်းမတော်မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့  ညွှန်ကြားချက်နဲ့ မြို့နယ် ကိုဗစ်-၁၉ ကော်မတီတို့က လာရောက်ကာ ဗဟိုစည်အထူးကုဆေးရုံကို လော့ဒေါင်းချလိုက်ပြီလို့လည်း လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းက ပြောပါတယ်အဆိုပါ အတည်ပြုလူနာ သုံးဦးဟာ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနရဲ့ အတည်ပြုလူနာစာရင်းမှာ ပါဝင်သွားပြီဖြစ်တယ်လို့လည်း  ကျန်းမာရေးဌာနက ပြောပါတယ်။

ဒီကနေ့ညနေ ၄ နာရီလောက်က ဗဟိုစည်အိမ်ရာဝင်းအတွင်းရှိ ဗဟိုစည်အထူးကုဆေးခန်း ဖွင့်လှစ်ရာတိုက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ရာ တိုက် ၉ လုံး နဲ့ ပတ်ပတ်လည် နေရာတွေကိုလည်း Lockdown ချလိုက်ပါတယ်။